စီးပွားရေးလုပ်ငန်းပိုင်း ကျွမ်းကျင်သူတစ်ဦးအဖြစ် ကင်ဆာရောဂါဝေဒနာကနေ လွတ်မြောက်လာခဲ့တဲ့ စာရေးသူ Clayton M. Christensen က လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ကျကျ အောင်မြင်မှုတွေနဲ့ အတူတူ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်၀နေတဲ့ ဘ၀တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဒီစာအုပ်ထဲမှာ သင့်အတွက် ဘယ်လိုမျိုး အလုပ်အကိုင် နည်းဗျုဟာ (career strategy) တွေက သင့်တော်မလဲ၊ သင့်အတွက် စိတ်တတ်ကြွမှု (motivation) တွေ ရရှိလာအောင် ဘယ်လို လုပ်ဆောင်ရမလဲ၊ သင် ချစ်ခင်မြတ်နိုးရတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုခိုင်မာလာအောင် ဘယ်အရာတွေကို လုပ်ဆောင်ရမလဲ၊ ခိုင်မာတဲ့ မိသားစု family culture တစ်ခုကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• အလုပ်ခွင်နဲ့ ကိုယ်ပိုင်ဘ၀ နှစ်ခုကြားထဲမှာ ဟန်ချက်ညီမျှမှုတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ရုန်းကန်နေရတဲ့သူတွေ
• ကိုယ့်ရဲ့ ဘ၀မှာ အဓိပ္ပာယ်တွေ ပြည့်၀နေအောင်၊ ရေရှည်မှာ ပျော်ရွှင်မှုတွေ ရရှိလာအောင် လုပ်ဆောင်ချင်ကြတဲသူတွေ
• ကိုယ့်ရဲ့ အလုပ်တွေကို စိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်ချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။