ငွေရေးကြေးရေးတွေနဲ့ ပတ်သက်လာရင် စီမံခန့်ခွဲတတ်ကြတဲ့ အချိန်မှာ အမှားအယွင်းတွေ ကြုံရလေ့ ရှိပါတယ်။ ဒါက ဘယ်လိုအခြေအနေမှာပဲ ရှိနေပါစေ ကိုယ့်အနေနဲ့ ထိပ်တန်းလုပ်ဆောင်စရာရှိတဲ့ အရေးကြီးစာရင်းမှာ ပါဝင်နေသင့်ပါတယ်။ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သိသင့်တဲ့အချက်တွေ များစွာ ရှိပါတယ်။ ဒီအချက်အလက်တွေကပဲ တကယ်လက်တွေ့ လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ကို ဇဝေဇဝါဖြစ်အောင် လုပ်နေတာမျိုးတွေ ရှိပါတယ်။
ပြီးတော့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အကြံပေးမှုတွေကို လူကြီးတွေအတွက်လို့ပဲ တွေးမိတတ်ကြတာမျိုးတွေ ရှိပါတယ်။ ရိုးရိုးသာမန် အခြေခံ လူတန်းစားတွေနဲ့ လူငယ်လူရွယ်တွေကို ဘေးဖယ်ပြီး တွေးမိကြတာမျိုးတွေ ရှိပါတယ်။