Influence (1984) စာအုပ်က စည်းရုံးသိမ်းသွင်းမှု၊ ဆွဲဆောင်မှုနည်းပညာရဲ့ အခြေခံ စည်းမျဉ်းတွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ်က ဘယ်လို အခါမျိုးတွေမှာ တခြားသူတွေကို ပြောတာတွေကို သဘောတူညီတတ်သလဲ၊ တခြားသူတွေက ကိုယ့်ဆီက ထောက်ခံမှုမျိုးတွေ ရလာအောင် ဘယ်လို နည်လမ်းတွေနဲ့ လုပ်ဆောင်နေကြသလဲ၊ အရောင်းဝန်ထမ်းတွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ချင်လာအောင် ကိုယ့်ကို ဘယ်လိုမျိုး စည်းရုံးသိမ်းသွင်းနေကြသလဲ စတဲ့ အချက်တွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်
