ကိုယ်နဲ့ မတူညီတဲ့ တခြားလူတစ်ယောက်ကို ကိုယ့်ရဲ့ သဘောထားအမြင်တွေကို ချပြရတာက ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အများစုက မအောင်မြင်တတ်ကြပါဘူး။ လက်တစ်ဆုပ်လောက်စာ လောက် ပဲရှိတဲ့ လူစုကသာ ဒီလိုမျိုး အောင်မြင်စွာ တခြားသူတွေကို လွှမ်းမိုးနိုင်ပါတယ်။
ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ တခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ influencer တစ်ယောက် ဖြစ်လာဖို့အတွက် နည်းလမ်းတွေကတော့ ရှိပါတယ်။ ကိုယ်က ဒီနည်းလမ်းတွေနဲ့ ဘယ်လို အသုံးပြုဆောင်ရွက်ရမလဲ ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဒီနည်းလမ်းတွေ အကြောင်းကို ရှင်းပြ ပေးထားပါတယ်။