Innovation and Entrepreneurship (2006) စာအုပ်က ကိုယ့်ရဲ့ တီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်ပြီး customers တွေ ရရှိလာအောင် ဆွဲဆောင်ခေါ်နိုင်တဲ့ နည်းဗျုဟာတွေအကြောင်းကို ရှင်းလင်း ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေဆိုတာ ဘယ်သူမဆို သင်ယူလေ့လာပြီး လုပ်ကိုင်ဆောင်ရွက်လို့ ရတယ် ဆိုတာနဲ့ ဒီလို စွန့်ဦးတီထွင် အရည်အချင်းတွေကို အခုမှ လုပ်ငန်းအသစ် စတင် လုပ်ဆောင်သူများသာ မကဘဲ တည်ရှိနေပြီးသား ကုမ္ပဏီကြီးတွေမှာပါ အသုံးချလို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- စွန့်ဦးတီထွင် စီးပွားရေးသမားတွေ
- စွန့်ဦးတီထွင် စီးပွားရေးနယ်ပယ်အကြောင်း စိတ်ဝင်စားတဲ့ သူတွေ
- ကုမ္ပဏီကြီးတွေက စီနီယာ မန်နေဂျာတွေ
- ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်တွေအတွက် ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို လိုက်ရှာနေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။