Inspired စာအုပ်က အောင်မြင်တဲ့ Software တွေကို ဖန်တီးဖို့အတွက် အကောင်းဆုံးလေ့ကျင့်မှုတွေကို ဖော်ပြပြီး အဖြစ်အများဆုံး သတိမထားမိတဲ့ အခက်အခဲတွေနဲ့ သူတို့ကို ဘယ်လို ရှောင်ရှားရမလဲဆိုတာကို ရှင်းပြထားပါတယ်။ သင်ခန်းစာတွေကို Start-ups တွေကနေ ကော်ပိုရိတ် အကြီးစားတွေအထိ ထုတ်ကုန် နယ်ပယ်ပေါင်းစုံမှာ အသုံးပြုနိုင်ပါတယ်။
ဘယ်သူတွေ ဖတ်ရှုဖို့အတွက်လဲ?
– Software Product အကြီးစားတွေကို ဘယ်လိုဖန်တီးလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတိုင်း၊
– Software Product တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အလုပ်လုပ်နေသူ၊ လုပ်ချင်သူတိုင်း၊
– ဆန်းသစ်တီထွင်တဲ့ Software Product တွေကို တည်ဆောက်ချင်သူတိုင်း
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
မူလစာရေးသူအကြောင်း
Marty Cagan က eBay, AOL နဲ့ Netscape Communications တွေမှာ ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး ထုတ်ကုန်အချို့ကို သတ်မှတ်ပြီး တည်ဆောက်တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ သူက Silicon Valley Product Group ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ပါတနာတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီမှာ သူက ကုမ္ပဏီတွေကို သူတို့ရဲ့ ထုတ်ကုန်ကောင်းတွေကို ဖန်တီးဖို့အတွက် အဖွဲ့အစည်းတွေနဲ့ နည်းဗျူဟာတွေကို ဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။