ကိုယ်က သပ်သပ်ရပ်ရပ် နေထိုင်တတ်တဲ့ သူတွေထဲက တစ်ယောက် မဟုတ်ဘူးဆိုရင် အခုပြောပြပေးမယ့် ကွန်မန်ရီနည်းလမ်း (KonMari Method) တွေက ကိုယ့်အတွက် တကယ် အကျိုးရှိ စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒီစာအုပ်ကို ရေးသားသူ စာရေးဆရာမ Marie Kondo က သန့်ရှင်း သပ်ရပ်တဲ့ အိမ်တွေက လူတွေရဲ့ ဘဝတွေကို ဘယ်လိုပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ စိတ်ပျော်ရွှင် ချမ်းမြေ့မှုတွေကို ပိုတိုးပွားလာနိုင်တယ်ဆိုတဲ့ အကြောင်းကို ဆယ်စုနှစ် တစ်ခု ကြာအောင် ပို့ချ သင်ကြားပေးနေတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။