Leading from Anywhere (2021) စာအုပ်က မတူညီတဲ့ နေရာဒေသတွေကနေ အတူတကွ စုစည်းပြီး အလုပ်လုပ်ကိုင်ကြမယ့် remote teams တွေကို ကောင်းမွန်စွာ ဦးဆောင်နိုင်ဖို့ လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
Remote teams တွေမှာ company culture ကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ၊ အရေးကြီးတဲ့ virtual meeting တွေကို ဘယ်လိုမျိုး ပြုလုပ်ရမလဲ၊ အဖွဲ့ဝင်တွေကို ဝေဖန်သုံးသပ်ချက်တွေ ဘယ်လိုမျိုး ပြောကြားရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဒီလို သင့်ရဲ့ remote teams တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် နည်းလမ်းတွေအပြင် ခိုင်မာတဲ့ remote teams တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- စီအီးအိုတွေ၊ team leaders တွေ
- အနာဂတ်မှာ တွင်ကျယ်လာမယ့် remote teams အဖွဲ့အစည်းတွေမှာ အလုပ် လုပ်ကိုင်လိုကြသူတွေ
- remote teams တစ်ခုဖွဲ့စည်းပြီး စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုမျိုး လုပ်ကိုင်ရမလဲ ဆိုတာကို စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။