Lean In (2013) စာအုပ်က အလုပ်ခွင်တွေနဲ့ နေအိမ်တွေမှာ ကျားမရေးရာ မညီမျှမှုတွေ ဖြစ်ပေါ် နေရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖော်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေကို သူတို့ရဲ့ အလုပ်အကိုင်တွေမှာ အခွင့်အရေးတွေကို အရယူနိုင်ဖို့နဲ့ ခေါင်းဆောင်မှု နေရာတွေမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ လက်တွေ့ကျတဲ့ အချက်အလက်တွေ၊ အကြံဉာဏ်တွေကို ရှင်းလင်းပြောပြပေးထားပါတယ်။
ဒါ့အပြင် အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အခုလက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကျားမရေးရာ မညီမျှမှုတွေကို သိရှိနိုင်အောင်၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင် ဒီစာအုပ်ထဲမှာ ရှင်းပြ ပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်ခွင်မှာ ကျားမရေးရာ မညီမျှမှုတွေ ဖြစ်ပေါ်နေတဲ့ အကြောင်းကို နားလည်ချင်တဲ့သူတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်ကြတဲ့သူတွေ
- မိသားစုနဲ့ အလုပ်ခွင် နှစ်ခု ပေါင်းစည်းတဲ့ နေရာမှာ စိန်ခေါ်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ရုန်းကန်နေကြရတဲ့ သူတွေ
- အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အလုပ်ခွင်နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အကြံဉာဏ်တွေကို လိုက်ရှာဖွေနေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။