Life’s Amazing Secrets (2018) စာအုပ်က ဘ၀မှာ ပျော်ရွှင်မှုတွေ၊ ဟန်ချက်ညီမှုတွေကို တွေ့ကြုံ ခံစားရစေဖို့အတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးသူ Gaur Gopal Das က ပျော်ရွှင်တဲ့ ဘ၀တစ်ခု ဖြစ်လာနိုင်စေဖို့အတွက် အဓိကကျတဲ့ စည်းမျဉ်းလေးခုကို ပြောပြပေးထားပါတယ်။ ဒီစည်းမျဉ်းလေးခုကတော့
- ကျွန်တော်တို့ရဲ့ ပုဂ္ဂလဘ၀ (our personal life)
- ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေး (our relationships)
- ကျွန်တော်တို့ရဲ့ အလုပ်ခွင်ဘ၀ (our work life) နဲ့
- ကျွန်တော်တို့ရဲ့ လူမှုအကျိုးသယ်ပိုးမှု (our social contributions) တွေ
အပေါ်မှာ ထားရှိရမယ့် စည်းမျဉ်းလေးခု ဖြစ်ပါတယ်။ ဒီနယ်ပယ်တွေမှာ ကျွန်တော်တို့တွေက ဟန်ချက်ညီအောင် ကြိုးစားနိုင်မယ်ဆိုရင် ကောင်းကျိုးတွေကို ခံစားရမှာ ဖြစ်ကြောင်း လမ်းညွှန် ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဘ၀ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေနေကြတဲ့သူတွေ
- ဘ၀မှာ စိတ်ကျေနပ်မှု မရရှိသေးတဲ့ အောင်မြင်နေသူတွေ
- သူတို့ရဲ့ အလားအလာ၊ လုပ်ဆောင်နိုင်စွမ်းတွေကို သိရှိချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။