ဒီနေ့ခေတ် ကမ္ဘာမှာ အလုပ်တွေကို အာရုံမစူးစိုက်နိုင်အောင် အနှောင့်အယှက်ပေးဖို့အတွက်
ရည်ရွယ်ထားတဲ့ နည်းပညာတွေ အမြောက်အမြား ရှိပါတယ်။ ဒီလို အနှောင့်အယှက်တွေ
ကြားထဲမှာ သင့်ရဲ့ အလုပ်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့အတွက် Lifescale (2019)
စာအုပ်က ကူညီပေးနိုင်ပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ အာရုံစိုက်မှု နည်းနည်းနဲ့ သင့်ရဲ့ အလုပ် လုပ်ဆောင်မှုတွေကို တိုးလာစေနိုင်မယ့်
နည်းလမ်းတွေကို ဖော်ပြပေးထားတဲ့အပြင် သင့်ကို ရှေ့ဆက်နိုင်ဖို့အတွက် သင့်ရဲ့ ပန်းတိုင်တွေ၊
တန်ဖိုးတွေ၊ အဓိပ္ပာယ်တွေကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကိုလည်း
တင်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
လူမှုကွန်ရက်တွေနဲ့ နည်းပညာ အသုံးပြုမှုတွေကို ထိန်းချုပ်ချင်နေကြတဲ့သူတွေ
အာရုံစိုက်မှုနဲ့ အလုပ်လုပ်ဆောင်မှုတွေ ပိုမိုတိုးတတ်လာချင်တဲ့ အလုပ်သမား၊
ဝန်ထမ်းတွေ
ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေကို အဓိပ္ပာယ်သတ်မှတ်နိုင်ဖို့အတွက် ကြိုးစား
လုပ်ဆောင်နေသူ
ပရော်ဖက်ရှယ်နယ် အလုပ်သမားတွေ၊ ရည်မှန်းချက် ကြီးမားသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။