Living Forward (2016) စာအုပ်က ကျွန်တော်တို့အများစု ရင်ဆိုင်နေရတဲ့၊ တကယ့် အဖြစ်မှန်ဖြစ်တဲ့ ကျွန်တော်တို့ဘ၀မှာ ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခြေအနေတွေအတွက် ဖြေရှင်းချက်တွေကို ပြောပြပေးထားပါတယ်။
ဖြစ်ပျက်လာတဲ့ အခြေအနေတွေအလိုက် ကျွန်တော်တို့မှာ ဆီလျော်တဲ့၊ ရှင်းလင်းတဲ့ အစီအစဉ်တွေ မရှိတဲ့အခါ ကျွန်တော်တို့ရဲ့ ဘ၀တွေက တခြားသူတွေရဲ့ ဆန္ဒတွေ၊ အစီအစဉ်တွေနဲ့ပဲ အဖြည့်ခံလိုက်ရပြီး ဆက်လက်ရွေ့လျား နေပါတော့တယ်။
ဒီစာအုပ်ထဲမှာတော့ ကိုယ်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့၊ ကိုယ် အမှန်တကယ် ရောက်ရှိချင်တဲ့ နေရာကို ရောက်ရှိနိုင်ဖို့အတွက် Life Plan တစ်ခုကို ဘယ်လို ဖန်တီး ပုံဖော်ရမလဲဆိုတာကို တဆင့်ပြီး တဆင့် ရှင်းပြပေးထားပါတယ်။
ကိုယ့်ဘ၀ကိုယ် အပြည့်အ၀ ထိန်းချုပ်ချင်တဲ့သူတွေ၊ ကိုယ် သွားချင်တဲ့နေရာကို ရောက်ရှိအောင် မလုပ်ဆောင်နိုင်တဲ့ အချိန်ဆွဲနှောင့်နှေးနေတတ်ကြသူတွေနဲ့၊ ကိုယ့်ရဲ့ personal goals ပန်းတိုင်တွေကို ဦးစားပေးနိုင်ဖို့အတွက် စိတ်ဖိစီးစွာနဲ့ ရုန်းကန်နေကြရသူတွေအတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။