Living the 80/20 Way စာအုပ်က စီးပွားရေးဆိုင်ရာ အယူအဆတစ်ခု ဖြစ်တဲ့ 80/20 စည်းမျဉ်းကို ကျွန်တော်တို့ရဲ့ personal ဘ၀မှာ အားစိုက်ထုတ်မှု နည်းနည်းနဲ့ အကျိုးရလဒ်တွေ များစွာ ရရှိအောင် လုပ်ဆောင်နိုင်တဲ့ အကြောင်း ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အလုပ်နည်းနည်းလုပ်ရုံနဲ့ အကျိုးရလဒ်များများ ထွက်ပေါ်လာအောင် ဖန်တီးနိုင်ဖို့အတွက် လက်တွေ့ကျတဲ့၊ လိုက်နာကျင့်သုံးဖို့ လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြထားတဲ့ ဒီစာအုပ်ထဲမှာ စာရေးသူ Richard Koch က စာဖတ်သူတွေကို သူတို့အတွက် အရေးကြီးတဲ့ အရာတွေကို အာရုံစိုက်တတ်စေဖို့နဲ့ outside the box နည်းလမ်းတွေနဲ့ စဉ်းစားတတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- Life coaches တွေနဲ့ တခြားသော motivational coaches နည်းပြတွေ
- သူတို့ရဲ့ အချိန်တွေကို အသုံးချပုံတွေနဲ့ ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်နေတဲ့ သူတွေ
- အလုပ်တွေ၊ များပြားလွန်းနေတဲ့ အချိန်စာရင်းတွေ ကြားထဲမှာ ပိတ်မိပြီး ပင်ပန်းနွမ်းနယ် နေသူတွေ၊ ဘာဆက်လုပ်မလဲ ဆိုတာ မသိလောက်အောင် တွေဝေနေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။