Loving Your Business (2020) စာအုပ်က မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ဆက်လက်လုပ်ကိုင်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ကူညီလမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးသူ Debbie King က သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်မယ့် နည်းဗျုဟာတွေ၊ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် သင့်ရဲ့ စိတ်ခံစားချက် emotions တွေကို ဘယ်လိုမျိုး စီမံခန့်ခွဲရမယ် ဆိုတဲ့ နည်းလမ်းတွေနဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်စေဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်းပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- စီးပွားရေး လုပ်ငန်းရှင်တွေ
- စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
- အပြုသဘောမဆောင်တဲ့ negative thinking တွေကနေ လွတ်မြောက်ချင်နေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။