Make Time (2018) စာအုပ်က သူ့ခေါင်းစဉ်လိုမျိုးပဲ ကိုယ့်မှာ ရရှိထားတဲ့ အချိန်တွေကို ပိုလျှံလာအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ တစ်နေ့မှာ ၂၄ နာရီရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီအချိန်တွေ အားလုံးကို ကိုယ်က ဘယ်အချိန်မှာ ဘာတွေ လုပ်ကိုင်မယ်ဆိုပြီး စနစ်တကျ သုံးစွဲတတ်မှ ကိုယ့်အတွက် အကျိုး ရှိမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ အချိန်တွေက ဘာအတွက်ကြောင့် ဘယ်လို ကုန်ဆုံးသွားခဲ့သလဲ ဆိုတာကို သိမယ်ဆိုရင် ကိုယ့်အတွက် ပိုပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီအချိန်တွေကို စနစ်တကျသုံးစွဲနိုင်ဖို့အတွက် နည်းဗျုဟာတွေ ချမှတ်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့တော့ လိုအပ်ပါတယ်။
ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေကို ဘယ်လို ရှောင်လွှဲလို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။