Measure What Matters (2018) စာအုပ်က စာရေးသူ John Doerr ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တခြားသော အဖွဲ့အစည်းများစွာကို ကူညီပေးခဲ့တဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်များကို ဖော်ဆောင်ခြင်းနဲ့ အဓိကအကျိုးရလဒ်များကို ပြန်ထုတ်ဖော်ခြင်း (Objectives and Key Results – OKRs) နည်းလမ်းတွေ အကြောင်းကို တင်ပြပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
OKRs နည်းလမ်းတွေရဲ့ အကူအညီနဲ့ Google ကုမ္ပဏီတွေ၊ Gates Foundation လို ပရဟိတ အဖွဲ့အစည်းတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို တကယ်ဖြစ်မြောက်လာအောင် အကောင်အထည် ဖော်နိုင်ခဲ့ကြပါတယ်
ကိုယ်က အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်လုပ်ဆောင်နေတယ် ဆိုကြပါစို့။ ဒီအဖွဲ့အစည်းမှာ သူတို့ ဘာဖြစ်ချင်တာလဲ ဆိုတဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်တွေ ခိုင်ခိုင်မာမာ မရှိတာမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပန်းတိုင်တွေ အများကြီး ရှိပြီး တချိန်တည်းမှာ ဘယ်အလုပ်ကို အရင် ပြီးမြောက်အောင် လုပ်လို့ လုပ်ရမှန်း မသိတာမျိုး ဖြစ်နေနိုင်ပါတယ်။