Millionaire Teacher (2011) စာအုပ်က ဝင်ငွေ အလယ်အလတ် ရှိတဲ့သူတွေကလည်း လိမ္မာပါးနပ်တဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ဆိုရင် ချမ်းသာကြွယ်၀သူတစ်ယောက် ဖြစ်လာနိုင်ကြောင်း လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ခြိုးခြံချွေတာမှုရဲ့ အရေးကြီးပုံတွေကနေ စတင်လို့ အစိုးရ bonds တွေရဲ့ တန်ဖိုးတွေအထိ ရှင်းပြ ပေးထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ အတော်အသင့် ဝင်ငွေတွေကနေ ချမ်းသာကြွယ်၀မှုတွေဆီ ရောက်ရှိနိင်ဖို့ အတွက် နည်းလမ်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ချမ်းသာကြွယ်၀ချင်တဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ ဝန်ထမ်းတွေ
- ရင်းနှီးမြှုပ်နှံဖို့အတွက် ရိုးရှင်းတဲ့ လမ်းညွှန်မှုတွေကို လိုချင်နေကြတဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်း အခုမှ စတင်လေ့လာနေကြတဲ့သူတွေ
- အငြိမ်းစား စုငွေတွေကို စတင် စုဆောင်းချင်နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။