Mindfulness (2011) စာအုပ်က စာဖတ်သူတွေကို ရက်သတ္တပတ် (၈) ပတ်ကြာ တရားထိုင်ခြင်း၊ meditation လုပ်ဆောင်ခြင်းကနေတဆင့် စိတ်ငြိမ်းချမ်းမှု ရရှိအောင် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်း နည်းလမ်းတွေကို အဆင့်ဆင့် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဇီ၀ဓာတုပညာရှင်တစ်ယောက်နဲ့ စိတ်ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ယောက်တို့ ပူးပေါင်း တွဲဖက်ပြီး ရေးသားထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် တဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် လေ့ကျင့်ခန်း အဆင့်တွေကို လွယ်ကူစွာ လိုက်နာ လုပ်ဆောင်နိုင်အောင် ရေးသားဖော်ပြထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • ဒီနေ့ခေတ်လို အလျှင်အမြန် ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ တည်ငြိမ် အေးဆေးမှု အိုအေစစ်ကလေးကို လိုက်လံရှာဖွေနေကြတဲ့ သူတွေ • စိတ်ငြိမ်းချမ်းမှုနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာတွေကို သိရှိချင်ကြတဲ့၊ ကျိုးကြောင်းကျနစွာ စဉ်းစား တွေးခေါ်တတ်သူတွေ • စိတ်ငြိမ်းချမ်းမှုရှိတဲ့ ဘ၀တစ်ခုအကြောင်း သိချင်နေကြတဲ့ စာဖတ်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
