Mindset (2006) စာအုပ်က ပုံသေစိတ်ထား fixed mindset ရှိတဲ့သူတွေနဲ့ ပြောင်းလဲတိုးတတ်လိုတဲ့ စိတ်ထား growth mindset ရှိသူတွေကြားထဲက ကွာခြားချက်တွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စိတ်ထားတွေက ကျွန်တော်တို့ တွေ့ကြုံလာရတဲ့၊ ကြမ်းတမ်းတဲ့ အခြေအနေတွေကို ဘယ်လို ဖြတ်ကျော်မယ် ဆိုတာတွေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုး တိုးတတ်ပြောင်းလဲအောင် လုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကို ဆုံးဖြတ်ပေးနိုင်စွမ်း ရှိပါတယ်။
ဒီစာအုပ်ထဲမှာ ကျွန်တော်တို့ရဲ့ စိတ်ထားတွေကို ပြောင်းလဲပြီး ပန်းတိုင်တွေကို ရောက်ရှိအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမယ်ဆိုတာတွေကို ပြောပြပေးထားပါတယ်။
ဘာဖြစ်လို့ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ထားချင်း မတူညီကြတာလဲ ဆိုတာကို အဖြေရှာချင် ကြတဲ့သူတွေ၊ ကိုယ့်ရဲ့ စွမ်းအားတွေကို အစွမ်းကုန် ထုတ်ပြီး အသုံးချသူတွေအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။