Mini Habits (2013) စာအုပ်က သင့်ရဲ့ ပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့အတွက် ဆန်းသစ်မှု ရှိတဲ့ နည်းလမ်းတွေ၊ အလေ့အကျင့်ငယ်တွေကို ဖန်တီးပြီး ချည်းကပ်နိုင်ဖို့အတွက် ရှင်းလင်းပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
စိတ်တတ်ကြွမှု ရှိမှုတွေ၊ ရည်ရွယ်ချက် ထားရှိမှုတွေက သင့်ကို အောင်မြင်မှုတွေဆီ ရောက်ရှိအောင် တွန်းပို့ပေးနိုင်တဲ့ အရာတွေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ နေ့စဉ် လုပ်ဆောင်နေကျဖြစ်တဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေက သင့်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေအောင် လုပ်ဆောင်ပေးနိုင်တာဖြစ်ကြောင်းနဲ့ ဒီအလေ့အကျင့်ငယ်လေးတွေကို ဘယ်လိုမျိုး ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရမယ် ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• အားစိုက်ထုတ်မှုနည်းနည်းနဲ့ အရည်အချင်းအသစ်တွေကို တည်ဆောက်ချင်ကြတဲ့သူတွေ
• ဘ၀မှာ အပြောင်းအလဲတွေတော့ ပြုလုပ်ချင်ပါရဲ့၊ ဒါပေမဲ့ ဘယ်ကနေ စလုပ်ရမယ် ဆိုတာ မသိဘူး ဆိုတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။