Napoleon Hill’s Golden Rules (2009) စာအုပ်က ကိုယ့်ရဲ့ ဘ၀ကို တိုးတတ်ဖွံ့ဖြိုးလာ စေနိုင်တဲ့ နည်းလမ်းတွေ၊ ကိုယ့်ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Napoleon Hill ဆိုရင် တော်တော်များများက မသိတဲ့သူ မရှိကြပါဘူး။ သူရဲ့ အကျော်ကြားဆုံး ဖြစ်တဲ့ Think and Grow Rich (1937) စာအုပ်က သမိုင်းတစ်လျှောက် အရောင်းရဆုံး self-help စာအုပ် အုပ်ရေ ၂၀ ထဲမှာ ပါဝင်နေတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
Napoleon Hill ရဲ့ နည်းလမ်းတွေက အကောင်းမြင်စိတ်ရဲ့ စွမ်းအားတွေကို ပြုပြင်ပြောင်းလဲပြီး သူ့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေကို တီထွင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက self-help နဲ့ personal development theories တွေမှာ အခုအချိန်ထိ အဓိကကျတဲ့ နည်းလမ်းတွေ အဖြစ်နဲ့ ရပ်တည်နေပါသေးတယ်။