မိုးတွေရွာနေတဲ့ ကြာဿပတေးနေ့ တစ်ညနေမှာ သင်ကြင်လည်နေတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဆိုင်ရာနယ်ပယ်ရဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား တစ်ခုကို သင်အားခဲပြီး တက်ရောက်ခဲ့တယ်။ သင်အဲ့ဒီဘားထဲကို ဝင်လိုက်တာနဲ့ လူအများကြီးရောက်မလာကြသေးဘူး ဆိုတာကို သင်သတိထားမိ လိုက်တယ်။ တစ်ကယ့်ကို ကြော့ကြော့မော့မော့ အဝတ်အစားတွေ ဝတ်ထားတဲ့လူတစ်ယောက် လက်တစ်ဖက်က Martini ကိုင်ထားပြီး ကျန်တစ်ဖက်က သူ့လိပ်စာကဒ်ကိုကိုင်ပြီး သင့်ဆီကို လမ်းလျှောက်လာတယ်။ ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်ကာ သင့်ကို သူ့ရဲ့အလုပ်လိပ်စာကဒ်ပေးပြီး စကားပြောဖို့ စတင်ကြတယ်။
“ဒါနဲ့ ခင်ဗျား ဘာအလုပ်လုပ်သလဲ” သူမေးတယ်။ အဲ့ဒီမှာ သူက သင့်ရဲ့အဖြေကို စောင့်ပြီး နားထောင်နေတာ မဟုတ်ဘူးလို့ သင်ပြောလို့ရပါတယ်။ တစ်ကယ်တော့ သင့်လုပ်ငန်းလိပ်စာကဒ်မှာ “အငယ်တန်း စီစစ်သူ” ဆိုပြီးသူမြင်သွားတာနဲ့ တစ်ပြိုင်နက် သူဟာ သင့်ကို စကားပြောဖို့ထက်စာရင် အခမ်းအနားကို ရောက်လာတဲ့ တစ်ခြားသူတွေ ကိုအကဲဖြတ်သုံးသပ်ဖို့အတွက် ပိုပြီးအာရုံလာနေတယ် လို့ သင်စတင်ခံစားမိလာတယ်။ သင်ဓာတ်လှေကားကို သွားဖို့အခွင့်အရေး မရှိခင်မှာပဲ အဲ့ဒီလူဟာ ချက်ချင်းသင့်ကို နှုတ်ဆက်ပြီး တစ်ခြားပိုအရေးကြီးတဲ့သူတွေနဲ့ စကားပြောဖို့ ထွက်ခွာသွားပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ သင်သက်ပြင်းချမိလိမ့်မယ်၊ ပြီးတော့ ဘာကြောင့် သင့်ရဲ့ညနေခင်းကို ဒီနေရာမှာပြီး အချိန်ဖြုန်းမိလဲဆိုတာကို သင့်ကိုယ်သင်ပြန်မေးနေမိလိမ့်မယ်။