Self-help စာအုပ်တွေကို ရေးသားတဲ့နေရာမှာ အောင်မြင် ကျော်ကြားသူ တစ်ယောက်ဖြစ်တဲ့ Brian Tracy ရဲ့ No Excuses! (2010) စာအုပ်က အောင်မြင်ဖို့အတွက် အဓိကသော့ချက်တစ်ချက်ဖြစ်တဲ့ self-discipline အကြောင်း အဓိပ္ပာယ် ဖွင့်ဆို ရှင်းလင်း ပြောပြပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
သင့်ဘ၀ရဲ့ အဓိက နယ်ပယ်သုံးခု ဖြစ်တဲ့ ပုဂ္ဂလိကဆိုင်ရာ အောင်မြင်မှု (personal success)၊ အလုပ်အကိုင် (career) နဲ့ တစ်ဘ၀လုံးနဲ့ သက်ဆိုင်တဲ့ ပျော်ရွှင်မှု (overall happiness) စတဲ့ နယ်ပယ်သုံးခုမှာ ကိုယ်တိုင် self-discipline ရှိလာအောင် ဘယ်လိုမျိုး အသုံးချရမယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်း ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။
•သူတို့ တာဝန်ထမ်းဆောင်နေတဲ့ နယ်ပယ်တွေထဲမှာ အကျွမ်းကျင်ဆုံး ဖြစ်ချင်ကြတဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ
• အကြောက်တရားတွေကို ကျော်လွှားနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ရှာဖွေနေကြတဲ့ သူတွေ