One Simple Idea (2015) က ကိုယ့်ရဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နိုင်ဖို့ အတွက်၊ စျေးကွက်မှာ ချပြလို့ ရနိုင်တဲ့ ရိုးရှင်းတဲ့ အိုင်ဒီယာ၊ အတွေးတစ်ခုနဲ့ စိတ်ဆန္ဒပြင်းပြမှု တစ်ခုပဲ လိုအပ်တယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်ပေးသူတွေ၊ ရောင်းချပေးသူတွေနဲ့ ဘယ်လို ရေရှည်ပေါင်းသင်း ဆက်ဆံရေးတွေကို တည်ဆောက်သင့်တယ်ဆိုတာနဲ့ စျေးကွက်မှာ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချတဲ့အခါ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို ဘယ်လိုမျိုး ဖြည့်ဆည်း ပေးသင့်ကြောင်းတွေကို ဒီစာအုပ်ထဲမှာ လမ်းညွှန်ပေးထားပါတယ်။
အကျဉ်းချုပ်ပြောရမယ်ဆိုရင် ဒီစာအုပ်က ကိုယ့်မှာ ရရှိလာတဲ့ ရိုးရှင်းတဲ့ အတွေးအခေါ် အိုင်ဒီယာတွေကို ကမ္ဘာကြီးထဲကို ချပြချင်တဲ့ လူတိုင်းအတွက် ခိုင်မာတဲ့ အကြံဉာဏ်တွေ ပေးထားတဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ထုတ်ကုန် အသစ်တစ်ခုကို စျေးကွက်မှာ ထုတ်လုပ်ရောင်းချဖို့အတွက် ရိုးရှင်းတဲ့ အိုင်ဒီယာ အတွေးအခေါ် ရှိသူတွေ၊ အသေးစားထုတ်ကုန်တွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ချင်တဲ့ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင် စီးပွားရေး နယ်ပယ်ကို စိတ်ဝင်စားပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်ချင်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်ပါတယ်။