Organize Tomorrow Today (2015) က ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေနဲ့ ကိုယ့်ရဲ့ ဘ၀တွေကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ့်စိတ်ထဲက စွမ်းအားတွေကို ထုတ်ဖော်နိုင်ဖို့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှုတွေကို ပိုတိုးလာစေနိုင်ဖို့နဲ့၊ ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှုတွေကို ပိုများပြားစေလာနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးထားပါတယ်။
တချို့သော လူတွေက ဘာဖြစ်လို့ တခြားသူတွေထက် ပိုပြီး သာလွန်နေရတာလဲ။ သူတို့မှာ စူပါ အရည်အချင်းတွေ ရှိနေလို့လား။ မွေးရာပါ ထူးချွန်လာကြတာလား။
မဟုတ်ပါဘူး။ အောင်မြင်နေတဲ့ သူတိုင်းက တခြားသူတွေလိုပဲ ဘ၀အတွေ့အကြုံများစွာကို ကျော်ဖြတ်လာရတာ ဖြစ်ပါတယ်။ သူတို့တွေမှာ ရှိနေတဲ့ တူညီတဲ့ အချက်တစ်ခုကတော့ အလွန် အံ့ဩစရာကောင်းတဲ့ အလေ့အကျင့်တွေ ရှိနေကြခြင်း ဖြစ်ပါတယ်။
ဒီတော့ ဒီလို အောင်မြင်ဖို့အတွက် အလေ့အကျင့်တွေက ဘာတွေလဲ၊ ဒီအလေ့အကျင့်တွေ ကိုယ့်ဆီမှာ ဖြစ်လာဖို့ ဆိုရင်ရော ဘာတွေကို လုပ်ဆောင်ရမလဲ။ ဒီအကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အနုပညာရှင်တွေနဲ့ သူတို့ရဲ့ အလုပ်တွေကို ပိုမိုပြီးမြောက်အောင် တီထွင်ဆန်းသစ်စွာ လုပ်ကိုင်ချင်ကြတဲ့သူတွေ
- အပြုသဘောဆောင်တဲ့ အလေ့အကျင့်အသစ်တွေကို ဖန်တီးလုပ်ဆောင်ချင်တဲ့ အားကစား သမားတွေ
- လူအများရှေ့မှာ ယုံကြည်မှုရှိစွာနဲ့ အလုပ်တွေကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်ချင်တဲ့ ပရော်ဖက်ရှင်နယ် အလုပ်သမားတွေ၊ ကျောင်းသားတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။