Origin Story (2018) စာအုပ်က စကြာဝဠာကြီးကို ဖြစ်ပေါ်စေခဲ့တဲ့ Big Bang ဖြစ်စဉ်ကစလို့ ဒီနေ့ဒီအချိန်ထိဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ မှန်ကန်တိကျတဲ့ အခြေအနေတွေက သက်ရှိတွေကို ဖြစ်ပေါ်စေတဲ့အကြောင်းတွေကိုလည်း ပြောပြထားသလို ရှုပ်ထွေးလှတဲ့ လူ့အဖွဲ့အစည်းအကြောင်းလည်း ဖော်ပြထားပါတယ်။ ဆဲလ်တစ်လုံးတည်းရှိတဲ့ သတ္တဝါတွေ ဖြစ်ပေါ်လာတဲ့အချိန်ကစလို့ လူသားတွေရဲ့ စိုက်ပျိုးရေးပုံစံ တိုးတက်လာတဲ့အကြောင်းတွေအထိ အရာရာဖြစ်တည်မှုရဲ့ ဇာတ်လမ်းကို ပြောပြထားပေးပါတယ်။
ဘယ်လိုလူတွေ ဖတ်ဖို့လဲ?
- သဘာဝတရားကြီးရဲ့ သမိုင်းကြောင်းနဲ့ လူသားတွေရဲ့Innovation ကို စိတ်ဝင်စားတဲ့သူတွေ
- Popular Science ကို စိတ်ဝင်စားတဲ့သူတွေ
- စကြာဝဠာထဲမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို နားလည်ချင်တဲ့သူတွေ
ဖတ်သင့်ပါတယ်။