အပြောင်းအလဲစီးပွားရေးလုပ်ကိုင်ရာမှာဖြစ်စေ၊ ကျွန်တော်တို့ဘဝရဲ့ ဘယ်အခန်းကဏ္ဍမှာမဆို ရှောင်လွှဲလို့မရတဲ့ ထိတ်လန့်ဖွယ်အရာတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဒီအပြောင်းအလဲတွေကို ဘယ်လိုကောင်းကောင်းကိုင်တွယ်ဖြေရှင်းရမလဲ မသိဘူးဆိုရင် ကျွန်တော်တို့ဘဝမှာ ဘယ်သောအခါမှ အောင်မြင်ကြီးပွားတိုးတက်လာနိုင်မှာ မဟုတ်ပါဘူး။
အဆိုးဆုံးကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့အရာအားလုံးနဲ့ ပါဝင်ပတ်သက်နေတဲ့သူအားလုံးကိုရင်းပြီး စွန့်စားရာရောက်ပါတယ်။
ဒါကြောင့် အပြောင်းအလဲတွေကြားမှာ ဘယ်လိုထိထိရောက်ရောက် ဦးဆောင်ကျော်ဖြတ်သွားရမလဲဆိုတာကို ဒီစာအုပ်မှာဖော်ပြထားပါတယ်။
ခေါင်းဆောင်တိုင်း အသုံးပြုနိုင်တဲ့ အပြောင်းအလဲတွေကို ရှင်သန်ကျော်ဖြတ်နိုင်ရုံသာမက အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိစေမဲ့ Frameworkတစ်ခုကို ပေးပါတယ်။
ဘယ်လိုလူတွေ ဘယ်ဖတ်သင့်လဲ။
●ဒူပေနာပေခံနိုင်စွမ်းရှိတဲ့ အသင်း၊ အဖွဲ့အစည်းကို တည်ဆောက်ချင်တဲ့ ခေါင်းဆောင်များ
●မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီများကို ရေရှည်တည်တံ့ခိုင်မြဲချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ
●အပြောင်းအလဲများအား စီမံခန့်ခွဲမှုကို စိတ်ပါဝင်စားသော အလုပ်သမား၊ ဝန်ထမ်းများ
Our Iceberg is Melting(2005)စာအုပ်မှာ အပြောင်းအလဲတွေကြား ဘယ်လိုထိထိရောက်ရောက် ဦးဆောင်ကျော်ဖြတ်သွားရမလဲဆိုတာကို အဓိကအချက် (၄) ချက်နဲ့ ရေးသားထားပါတယ်။
ခေါင်းဆောင်တိုင်း အသုံးပြုနိုင်တဲ့ အပြောင်းအလဲတွေကို ရှင်သန်ကျော်ဖြတ်နိုင်ရုံသာမက အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိစေမဲ့ Frameworkတစ်ခုကို ပင်ဂွင်းငှက်အုပ်စု ပုံပြင်ဖြင့် ဖော်ပြထားပါတယ်။