People Skills (1979) ဟာ ထိရောက်တဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကို လေ့လာဖို့အတွက် လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ပျက်စီးစေပြီး ဆက်နွယ်မှုတွေကို ထိခိုက်စေတဲ့ အပြန်အလှန်စကားပြောခြင်းဆိုင်ရာ အခက်အခဲတွေကို ပုံဖော်ပြထားပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို နားထောင်တတ်ဖို့၊ အခိုင်အမာပြောဆိုတတ်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကိုလဲ ပေးပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
– အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးကို တိုးတက်ဖို့ စိတ်ဝင်စားသူတိုင်း၊
– ပိုပြီးတော့ ကောင်းတဲ့ နားထောင်ပေးသူတစ်ယောက် ဖြစ်ချင်ကြသူတွေ၊
– နှိမ့်ချတတ်တာ၊ ရန်မူတတ်တာမျိုးထက် အခိုင်အမာ ယုံကြည်မှုရှိရှိ ပြောဆိုတတ်ဖို့ ကြိုးပမ်းနေကြသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
မူရင်းစာရေးသူ အကြောင်း
Robert Bolton, PhD, ကတော့ Ridge Training ရဲ့ တည်ထောင်သူတစ်ယောက် ဖြစ်ပါတယ်။ Ridge Training ဆိုတာကတော့ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးနယ်ပယ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်ဖို့အတွက် အထူးပြုထားတဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်။