Perfectly Confident (2020) စာအုပ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာ ဘာတွေလဲဆိုတာနဲ့ ဒီလို ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို ဘယ်လိုမျိုး ထိရောက်စွာ အသုံးချရမလဲ ဆိုတာကို ပြောပြပေးထား တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလွန်းတဲ့ အချက်ကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းနည်းပဲ ရှိနေတဲ့ အချက်လိုပဲ ဆိုးဝါးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က ဟန်ချက်ညီတဲ့၊ ပြီးပြည့်စုံတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတစ်ခု ရှိအောင် ဘယ်လိုမျိုး တည်ဆောက်ကြမလဲ။
စိတ်ပညာနယ်ပယ်၊ စီးပွားရေးနယ်ပယ်နဲ့ စီးပွားရေးဆိုင်ရာ ခေါင်းဆောင်မှု (business leadership) အပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင်သုတေသနတွေကို အခြေခံထားပြီး စာရေးသူ Don A. Moore က အထက်ပါ မေးခွန်းအတွက် လက်တွေ့ကျတဲ့ အဖြေတွေကို ပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းပါးနေတဲ့ ခေါင်းဆောင်တွေ
- ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ ပိုမိုကောင်းမွန်စွာ ချမှတ်ချင်သူတွေ
- “ကိုယ် တကယ်လုပ်ဆောင်နိုင်တဲ့အထိ ဟန်ဆောင်နေရမယ်” ဆိုတဲ့ စကားမျိုးကို ကြားဖူးတဲ့သူ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။