Post Corona (2020) စာအုပ်က ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကူးစက်ပြန့်ပွားမှုက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုမျိုး ပုံဖော် ပုံသွင်းလိုက်ကြောင်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့ ကာလမှာ ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ ဘယ်လိုစီးပွားရေး လုပ်ငန်းတွေက အကျိုး ဖြစ်ထွန်းခဲ့တယ်ဆိုတာနဲ့ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေကြောင့် ဘယ်လို စီးပွားရေး လုပ်ငန်းတွေက ထိခိုက်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ခိုင်မာတဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးဆိုင်ရာ အကြံဉာဏ်တွေကို လိုချင်ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ
- တည်ငြိမ်မှု မရှိသေးတဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေမှာ လမ်းကြောင်းအသစ်တွေကို ရှာဖွေချင်ကြတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ
- ရောဂါကပ်ဆိုးကြီးအလွန် ကမ္ဘာလောကကြီး သိရှိချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။