Power Hour (2020) စာအုပ်က တစ်နေ့တာရဲ့ အစ ပထမဆုံးအချိန်နာရီကို အသုံးချပြီး သင့်ရဲ့ ပန်းတိုင်၊ စိတ်အားထက်သန်မှု ဝါသနာတွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို အလုပ်တွေ အလွန်ရှုပ်နေကြတဲ့ ကမ္ဘာလောကကြီးမှာ တချို့တွေက ကိုယ်လုပ်ဆောင်စရာ ရှိတဲ့ အလုပ်တွေကို ချက်ချင်း မလုပ်ဆောင်ဘဲ အချိန်ဆွဲ နှောင့်နှေးပြီး လုပ်ဆောင်လေ့ ရှိကြပါတယ်။
ဒီလိုမျိုး သင့်ရဲ့ ပန်းတိုင်တွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက် ပြည့်စုံကောင်းမွန်တဲ့ အချိန်တစ်ခုကို စောင့်ဆိုင်းနေမယ့်အစား ဒီအလုပ်ကို လုပ်ဆောင်နိုင်ဖို့အတွက် အချိန်ရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
တစ်နေ့တာမှာ တစ်နာရီ အချိန်ပေးရုံနဲ့ ဒီလို သင့်ရဲ့ စိတ်သဘောထား attitude တွေ၊ အလေ့အကျင့်တွေ၊ သင့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကို ပြောင်းလဲပစ်နိုင်တယ် ဆိုတဲ့ အကြောင်းနဲ့ ဒီလို ပြောင်းလဲမှုတွေက သင့်ရဲ့ ဘ၀ကို ပိုမိုစိတ်ကျေနပ်စရာကောင်းတဲ့ ဘ၀ ဖြစ်လာစေမယ် ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်လုပ်ဆောင်တဲ့နေရာမှာ တွေဝေနေသလိုလို၊ စိတ်ပင်ပန်းနေသလိုလို ခံစားနေကြတဲ့သူတွေ
- ကိုယ့်ရဲ့ အလုပ်တွေကို ပိုမိုပြီးမြောက်မှုရှိစွာ လုပ်ဆောင်ချင်ကြတဲ့ သူတွေ
- အလုပ်တစ်ခုလုပ်ဖို့အတွက် စိတ်တတ်ကြွမှု motivation ကို ရှာဖွေနေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။