Netflix ကုမ္ပဏီမှာ တကယ်လက်တွေ့ လုပ်ဆောင်နေကြတဲ့ အလုပ်ခွင် နည်းလမ်းတွေကို အခြေခံထားတဲ့ Powerful (2017) စာအုပ်က ဒီနေ့ခေတ်လို အလျှင်အမြန် အမြဲတမ်းပြောင်းလဲနေတဲ့ စျေးကွက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်ခွင်ယဉ်ကျေးမှု နည်းလမ်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဝန်ထမ်းတွေ၊ လူသားတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အရင်က နည်းလမ်းဟောင်းတွေအတိုင်း မဟုတ်ဘဲ ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးချပြီး ဘယ်လိုမျိုး စီမံခန့်ခွဲရမယ် ဆိုတာနဲ့ သင့်အတွက် အကူအညီဖြစ်စေမယ့် အလုပ်ခွင်ယဉ်ကျေးမှုတစ်ခု၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ဘယ်လိုမျိုး ပုံဖော်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ခေါင်းဆောင်တွေ၊ မန်နေဂျာတွေ
• စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ
• Netflix ကုမ္ပဏီရဲ့ အောင်မြင်လာမှုအကြောင်း စိတ်ဝင်တစားနဲ့ သိချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။