Presence (2016) စာအုပ်က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်တို့ကြားထဲက ဆက်နွယ်မှုတွေ အကြောင်းနဲ့ ဒီလို ဆက်နွယ်မှုတွေက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ၊ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ထိရောက်မှုရှိစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် စွမ်းရည်တွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ လွှမ်းမိုးမှုရှိနေတယ် ဆိုတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ခန္ဓာကိုယ် ဘာသာစကား (body language) နဲ့ ခန္ဓာကိုယ် ဟန်ပန်အမူအရာ (postures) တို့အပေါ်မှာ မူတည်ပြီး စကားပြောဆိုရတာ ရှက်ရွံ့နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတဲ့သူတွေကို စွမ်းအင်တွေ ပြည့်၀လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုမိုရှိလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• သူတို့ရဲ့ ပြောဆိုဆက်သွယ်ရေးစွမ်းရည်တွေကို ပိုမိုတိုးတတ်လာစေချင်ကြတဲ့သူတွေ သ
• ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုမိုရှိလာချင်ကြတဲ့သူတွေ