ဒီစာအုပ်ထဲမှာ သာမန်ရိုးကျ ကြော်ငြာခြင်းနည်းလမ်းတွေက ဘာဖြစ်လို့ အလုပ်မဖြစ်တော့ဘူးဆိုတာနဲ့ အောင်မြင်ဖို့ဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ထူးခြားပြောင်မြောက်နေအောင် တည်ဆောက်ဖို့ လိုတယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြထားပါတယ်။ ကိုယ့်ဘက်ကနေ ထူးခြားပြောင်မြောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လိုပါတယ်။ လူအများအလယ်မှာ ကိုယ့်ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်က သိသာထင်ရှားနေရပါမယ်။ တခြားသူတွေနဲ့ မတူနေရပါဘူး။
ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ထူးခြားပြောင်မြောက်နေအောင် တည်ဆောက်ပြီးပြီဆိုရင် ကိုယ့်ရဲ့ ပစ်မှတ်စျေးကွက်ကို ရောက်ရှိအောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။