Ready Aim Fire! (2014) စာအုပ်က သင့်ရဲ့ ကိုယ်ရေးကိုယ်တာ၊ ပရော်ဖက်ရှင်နယ် အလုပ်အကိုင် ဆိုင်ရာ ပန်းတိုင်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေဖို့အတွက် နည်းလမ်းတွေကို တဆင့်ချင်းစီ လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သင့်ရဲ့ ဘ၀မှာ နောက်ထပ် ရည်မှန်းချက်တွေ အများကြီးကို အကောင်အထည်ဖော် လုပ်ဆောင် ချင်ပေမယ့် ဘယ်နေရာကနေ စလုပ်ဆောင်ရမယ်မှန်း မသိဘူး ဖြစ်နေတယ်ဆိုရင် ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတွေက သင့်ရဲ့ အိပ်မက်တွေကို တကယ်လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့ အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ရည်မှန်းချက် ပန်းတိုင်တွေကို အခုမှ စတင်ချမှတ်ကြမယ့်သူတွေ
- အခြေခံကနေ စတင်ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူချင်ကြတဲ့သူတွေ
- ကိုယ့်ရဲ့ ဘ၀ကို ပိုပြီး လမ်းညွှန်မှုရှိရှိ လျှောက်လှမ်းချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။