Reinvent Yourself (2016) စာအုပ်က သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချည်းကပ် လုပ်ဆောင်တဲ့ နည်းလမ်းတွေကို ပြန်လည် ထိန်းညှိနိုင်စေဖို့အတွက်၊ အဆက်မပြတ် လန်းဆန်းတတ်ကြွစွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးသူ James Altucher က ဘီလီယံနာတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေရဲ့ self-reinvention အနုပညာကို လက်တွေ့လိုက်နာ ကျင့်သုံးခဲ့ကြတဲ့ ဥပမာတွေကို သရုပ်ဖော် ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်အကိုင်အသစ်တစ်ခုခု စတင်လုပ်ဆောင်ချင်ပေမယ့် စတင်ဖို့အတွက် ကြောက်ရွံ့နေကြတဲ့ သူတွေ
- အရည်အချင်းအသစ်တွေကို ဘယ်လိုမျိုး ကျွမ်းကျင်တတ်မြောက်အောင် လုပ်ဆောင်ရမလဲ ဆိုတာကို ကိုယ်တိုင်လေ့လာ သင်ယူချင်ကြတဲ့သူတွေ
- ဘဏ္ဍာရေးဆိုင်ရာ လွတ်မြောက်မှုတွေကို ရရှိချင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။