Sales Management. Simplified. (2016) စာအုပ်က ဒီနေ့ခေတ် အရောင်းဌာနတွေမှာ တွေ့ကြုံ နေရတဲ့ ပြဿနာတွေကို ရှင်းပြပေးထားပြီး သင့်ရဲ့ အရောင်းအဖွဲ့တွေကို ဘယ်လိုမျိုး စွမ်းရည်တွေ မြှင့်တင်ပေးမလဲ၊ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတတ်လာအောင် ဘယ်လို အစီအစဉ်တွေ ချမှတ်ရမလဲဆိုတာကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ မန်နေဂျာ အများစု တွေ့ကြုံနေရတဲ့ ပြဿနာအများစုကို ရှင်းပြထားတဲ့ အပြင် စိတ်မပါလက်မပါနဲ့ အလုပ်လုပ်ဆောင်နေရတဲ့ အရောင်းဌာနတွေကိုလည်း ခိုင်မာတဲ့ အဖွဲ့တစ်ခု ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလွှာပေါင်းစုံက အရောင်းမန်နေဂျာတွေ၊ ခေါင်းဆောင်တွေ
- စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလွတ်တန်း အလုပ်လုပ်ကိုင်နေသူတွေ
- အရောင်း စီမံခန့်ခွဲမှု အခြေခံအချက်တွေအကြောင်း သင်ယူလေ့လာချင်ကြတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။