တိုးတတ်လာတဲ့ ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေမှာ ထုတ်ကုန် (Products) တွေသာမကဘဲ ဝန်ဆောင်မှု (Services) တွေကလည်း သိသာထင်ရှားတဲ့၊ ကြီးထွားလာတဲ့ အစိတ်အပိုင်း၊ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ဒါပေမဲ့ ဒီလို ဝန်ဆောင်မှုတွေကို ကြော်ငြာတဲ့အခါမျိုးမှာ၊ မားကတ်တင်း လုပ်ဆောင်တဲ့ အခါမျိုးမှာ ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ် ဆိုတာကိုတော့ ဘယ်သူမှ ရှင်းလင်းပြတ်သားစွာ မသိရှိထားကြပါဘူး။
Selling the Invisible (1997) စာအုပ်မှာတော့ ဒီလို လက်ဆုပ်လက်ကိုင် ပြသလို့ မရတဲ့ ဝန်ဆောင်မှု တွေကို လူသိများလာအောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့ကုမ္ပဏီက လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး ကြော်ငြာရမလဲ စတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။
• ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုကို စတင်လုပ်ဆောင်ချင်ကြတဲ့သူတွေ
• ဝန်ဆောင်မှု အခြေခံ စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားကြတဲ့ သူတွေ
• မားကတ်တင်းသမားတွေ၊ ပရောက်ဖက်ရှင်နယ် ကြော်ငြာသမားတွေ
• မားကတ်တင်းနဲ့ ကြော်ငြာလုပ်ငန်းတွေ အကြောင်း စိတ်ဝင်စားကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။