Simple Habits for Complex Times (2015) စာအုပ်က ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲ အရှုပ်အထွေး တွေကြားထဲမှာ လမ်းကြောင်းတစ်ခုကို ရှာဖွေချင်တဲ့ ခေါင်းဆောင်တွေအတွက် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
လျှင်မြန်စွာ ပြောင်းလဲနေတဲ့အတွက်ကြောင့် ကြိုတင် ခန့်မှန်းလို့ မရတဲ့ ဖြစ်စဉ်တွေ (Volatility)၊ မသေချာ၊ မရေရာတဲ့ ဖြစ်စဉ်တွေ (Uncertainty)၊ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ (Complexity) ဟိုလိုလည်း ဖြစ်နိုင်၊ ဒီလိုလည်း ဖြစ်နိုင်တဲ့ ဖြစ်စဉ်တွေ (Ambiguity) တွေ ကြားထဲမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းကို အောင်မြင်အောင် လုပ်ဆောင်တဲ့ နေရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိလာပါတယ်။
ဒီလို စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။