Simple Rules (2015) စာအုပ်က သင့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ခွင်ဘ၀နဲ့ ပုဂ္ဂလဘ၀တွေ၊ သင့်ရဲ့ ပန်းတိုင်တွေကို ရောက်ရှိနိုင်အောင် ကူညီပေးနိုင်တဲ့ ရိုးရှင်းတဲ့ စည်းမျဉ်းတွေအကြောင်းကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေက ရှုပ်ထွေးလွန်းလှတဲ့ ကမ္ဘာလောကကြီးမှာ ရိုးရှင်းမှုတွေကို အခြေခံပြီး သင့်ရဲ့ ကိုယ်ပိုင်ဘ၀ကို တည်ဆောက်နိုင်တဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- သူတို့ စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဝန်ထမ်းတွေ လိုက်နာ လုပ်ဆောင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေကြရတဲ့ မန်နေဂျာတွေ
- ညဘက် ပုံမှန် အိပ်ပျော်ချင်တာ၊ ကိုယ်အလေးချိန် လျော့ကျချင်တာ စတာတွေ ဖြစ်ချင်တဲ့ စာဖတ်သူတွေ
- ဒီနေ့ခေတ်ရဲ့ ရှုပ်ထွေးမှုတွေကြားထဲမှာ အလုပ်တွေကို ကျွမ်းကျင်စွာ လုပ်ဆောင်ချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။