Smarter Faster Better (2016) စာအုပ်က အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း (being productive) ဆိုတာက ကိုယ့်ရဲ့ to-do list တွေကို စီမံခန့်ခွဲရုံမျှ မကဘဲ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်း၊ မှန်ကန်တဲ့ စိတ်ထားတွေ ထားတတ်ခြင်းကိုပါ ဆိုလိုတာဖြစ်ကြောင်း ရှင်းပြပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ်က စိတ်ဓာတ်တတ်ကြွစွာ အလုပ်တွေကို လုပ်ဆောင်နိုင်အောင် ဘယ်လိုမျိုး နေထိုင်ရမယ်၊ ကိုယ့်နဲ့ ကိုယ့်အဖွဲ့ရဲ့ ပန်းတိုင်တွေကို ဘယ်လိုမျိုး သတ်မှတ်မယ် ဆိုတာတွေနဲ့ ကိုယ့်ရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ အောင်မြင်မှုတွေကို အမြင့်မားဆုံး ဖြစ်အောင် ဘယ်လိုမျိုး လုပ်ဆောင်ရမယ် ဆိုတာတွေကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ရဲ့ အဖွဲ့အစည်းကို စိတ်တတ်ကြွလာအောင် လှုံ့ဆော်ချင်တဲ့ ခေါင်းဆောင်တွေ
- ကိုယ့်ရဲ့ ကုမ္ပဏီ၊ ဝန်ထမ်းတွေကို စွမ်းအင်တွေ ပြည့်၀လာအောင် လုပ်ဆောင်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ
- လေးနက်တဲ့ ရေရှည်ပန်းတိုင်တစ်ခု ထားရှိတဲ့ သူမျိုးတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။