သင် လုပ်ဆောင်ရတာ ကျွမ်းကျင်မှုရှိတဲ့၊ သင် ကိုယ်တိုင်လည်း ကြိုက်နှစ်သက်မှုရှိတဲ့ အလုပ်တစ်ခုကို ဘယ်လိုမျိုး ရှာဖွေရမလဲ။ သာမန်ရိုးကျ အကြံပေးချက်တွေ ဖြစ်တဲ့ “ဝါသနာပါတဲ့ အလုပ်တွေကိုပဲ လုပ်ဆောင်ပါ၊ ဝါသနာရဲ့ အနောက်ကိုပဲ လိုက်ပါ” စတဲ့ အကြံပေးချက်တွေအစား ဒီစာအုပ်ထဲမှာတော့ လက်မှုပညာရှင် တစ်ယောက်ရဲ့ စိတ်ထားမျိုးနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ရရှိလာအောင်၊ ဒီအရည်အချင်းတွေ တိုးတတ်လာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။ သင့်ရဲ့ အလုပ်ခွင်ကနေ ရရှိလာမယ့် စိတ်ကျေနပ်မှုတွေကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာနဲ့ ဒီစိတ်ကျေနပ်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။
• “ဝါသနာရဲ့ အနောက်ကိုပဲ လိုက်၊ ဝါသနာအတိုင်းပဲ လုပ်” စတဲ့ အကြံပေးချက်က ဘာလို့ ဆိုးဝါးတဲ့ အကြံတစ်ခု ဖြစ်နေရတာလဲ ဆိုတာကို သိချင်နေကြတဲ့သူတွေ
• အလုပ်ခွင် စိတ်ကျေနပ်မှုနဲ့ အလုပ်ခွင်မှာ အောင်မြင်မှုတွေ ရရှိလာစေဖို့အတွက် ကွဲပြားခြားနားတဲ့ လမ်းကြောင်းတွေကို ရှာဖွေနေကြတဲ့သူတွေ
• အလုပ်အကိုင် အသစ်တစ်ခုခု ရွေးချယ်ရှာဖွေကြတော့မယ့်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။