Social Media Is Bullshit စာအုပ်က လူမှုကွန်ရက်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့၊ လူတကာ လုပ်ဆောင်နေကြတဲ့ စီးပွားရေး မားကတ်တင်းလုပ်ငန်းတွေအကြောင်းနဲ့ လူမှုကွန်ရက်တွေရဲ့ တန်ဖိုးတွေအပေါ်မှာ ထားရှိတဲ့ အယူအဆ အလွဲအမှားတွေကို ဖော်ထုတ်တင်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
လူမှုကွန်ရက်တွေက တချို့သော ကုမ္ပဏီတွေအတွက် အရေးကြီးတဲ့၊ အသုံးဝင်တဲ့ အရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်အနေနဲ့က ဒီလို မားကတ်တင်းသမားတွေ၊ လူမှုကွန်ရက်တွေ အကြောင်း ကျွမ်းကျင်သူ ဂုရုတွေရဲ့ ပြောစကားတွေ အကုန်လုံးကို လိုက်နားထောင်နေစရာ မလိုပါဘူး။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လူမှုကွန်ရက်တွေအပေါ်မှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် သူတို့ကိုယ် သူတို့ promote လုပ်ဖို့ စဉ်းစားနေသူတွေ
- လူမှုကွန်ရက်တွေက အရင်တုန်းကနဲ့ မတူတဲ့၊ တော်လှန်ဖောက်ထွက်နိုင်တဲ့ မားကတ်တင်း နည်းလမ်းတွေ ဖြစ်တယ်လို့ ယုံကြည်နေသူတွေ
- သူတို့တွေရဲ့ လူမှုကွန်ရက်နည်းဗျုဟာတွေက ဘာဖြစ်လို့ အလုပ်မဖြစ်တာလဲ ဆိုတာကို သိချင်နေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။