“ဘာအကြောင်းကြောင့်လဲ (Why)” ဆိုတဲ့ မေးခွန်းက ဘယ်လုပ်ငန်းမျိုးမဆိုရဲ့ အခြေခံ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကြောင့်ပဲ တချို့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက တခြားသူတွေထက် ပိုပြီး ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်နိုင်သွားကြပါတယ်။ တခြားသူတွေအပေါ်မှာ ပိုပြီးတော့ လွှမ်းမိုးနိုင်မှု ရှိသွားကြပါတယ်။ ပိုပြီးတော့ အကျိုးအမြတ်တွေ ရသွားကြပါတယ်။
စာရေးဆရာ Simon Sinek ရဲ့ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်မှာတော့ ဒီလို “ဘာအကြောင်းကြောင့်လဲ(Why)” ဆိုတဲ့ မေးခွန်းနဲ့ ကိုယ့်ရဲ့ လုပ်ငန်းတွေကို အစပြုသင့်တယ် ဆိုတဲ့ အကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။