နာမည်ကြီးတဲ့သူတွေ ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ကြည့်ပြီးတော့ ဓာတ်ပုံထဲက အောင်မြင် ကျော်ကြားနေကြတဲ့သူတွေရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေမလဲလို့ တွေးကြည့်မိဖူးလား။ ၁၉၉၈ ခုနှစ်လောက်တုန်းက Time မဂ္ဂဇင်း ပါတီပွဲတစ်ခုမှာ ရိုက်ထားခဲ့တဲ့ Microsoft, Intel နဲ့ Apple တို့ရဲ့ CEO တွေဖြစ်တဲ့ Bill Gates, Andy Grove နဲ့ Steve Jobs တို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုရော မြင်ဖူးကြလား။ ဒီပုံက ကျွန်တော်တို့ကို တွေးစရာတွေ ပေးပါတယ်။
