Success Through a Positive Mental Attitude (1960) စာအုပ်က ကိုယ့်ဘ၀ရဲ့ ပန်းတိုင် အိပ်မက်တွေကို အကောင်းမြင်စိတ်ထားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
သူ့အချိန်အခါတုန်းက အောင်မြင်ကျော်ကြားဆုံး သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Andrew Carnegie ရဲ့ အကူအညီနဲ့ စာရေးသူ Napoleon Hill က အောင်မြင်ကျော်ကြားနေသူပေါင်း ရာပေါင်းများစွာကို အင်တာဗျုး ပြုလုပ်ခဲ့ပြီးတော့ အခုစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ အကောင်းမြင်စိတ်နဲ့ အောင်မြင်မှုဆီ ရောက်ရှိနိုင်အောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။