Sun Tzu and the Art of Business (1996) စာအုပ်က တရုတ်ဂန္ထဝင် စစ်ဗျုဟာကျမ်းတစ်ခု ဖြစ်တဲ့ Sun Tzu ရဲ့ The Art of War စာအုပ်ထဲက နည်းလမ်းတွေကို ဒီနေ့ခေတ် ယှဉ်ပြိုင်မှုတွေ များလွန်း နေတဲ့ စီးပွားရေး လုပ်ငန်းခွင်တွေမှာ ဘယ်လိုမျိုး အသုံးချနိုင်ကြောင်း ရှင်းလင်းပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီနေ့ခေတ်ရဲ့ စီးပွားရေးခေါင်းဆောင်တွေက ဆွန်ဇုရဲ့ စစ်တိုက်နည်း နည်းဗျုဟာတွေကို သူတို့ရဲ့ စီးပွားရေး အစီအစဉ်တွေထဲမှာ ဆီလျော်သလို အသုံးချပြီး စျေးကွက်ထဲမှာ ဦးဆောင် လွှမ်းမိုးမှုတွေ ပြုလုပ်နိုင်တယ် ဆိုတဲ့ အကြောင်းကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- သူတို့ လုပ်ဆောင်နေရတဲ့ နယ်ပယ်တွေထဲမှာ ဦးဆောင်ချင်တဲ့ စွန့်ဦးတီထွင်သမားတွေ
- ရှုထောင့်အသစ်တွေကို လေ့လာချင်တဲ့ နည်းဗျုဟာ အကြံပေးသူတွေ
- လတ်ဆတ်တဲ့ အတွေးအမြင် အသစ်တွေကို လိုက်လံရှာဖွေနေကြတဲ့ စီးပွားရေးဆိုင်ရာ ကျောင်းသူ ကျောင်းသားတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။