ဒီ $100 Startup စာအုပ်တွင် သင့်အသက်မွေးဝမ်းကြောင်း လုပ်ကိုင်မှုပုံစံကို ဆန်းသစ် ပြောင်းလဲရန်၊ သင်ချစ်နှစ်သက်တဲ့ အရာတွေကို လုပ်ဆောင်ရန်နှင့် သင့်အနာဂါတ်အသစ်တွေကို ဖန်တီးရန် အတွက် စာရေးဆရာ Chris Guillebeau မှ ရင်းနှီးမတည်ငွေ အနည်းငယ်ဖြင့် (အချို့မှာ $100 အောက်ဖြင့်) စတင်ခဲ့သော အောင်မြင်နေသည့် လုပ်ငန်းရှင် ရာပေါင်းများစွာကို ဆန်းစစ်ပြီး ပြုစုထားသည့် လုပ်ဆောင်ချက် အဆင့်ဆင့်ကို ဖော်ပြထားပါသည်။ သူသည် အသုံးအဝင်ဆုံးနှင့် စိတ်ဝင်စားစရာအကောင်းဆုံး လေ့လာတွေ့ရှိချက်များကို အဓီကထား ထားပြီး မတည်ငွေ အနည်းငယ်ဖြင့် စတင်ခဲ့သော ကြီးပွားတိုးတက်နေသည့် လုပ်ငန်းပိုင်ရှင်များ ၏ လုပ်ငန်းလုပ်ဆောင်မှု ခရီးကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားသည်။
