The 11 Laws of Likability (2011) စာအုပ်က လူတွေက သူတို့ နှစ်ခြိုက်သဘောကျတဲ့ လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်တယ်ဆိုတဲ့ ရိုးရှင်းတဲ့ အချက်တစ်ချက်အပေါ်မှာ အခြေခံထားပြီး ကောင်းမွန်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ကွန်ရက် network တွေကို တည်ဆောက်နိုင်ဖို့ လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ့်ကို နှစ်ခြိုက်သဘောကျစေမယ့် အချက် characteristics တွေ၊ စကားပြောဆိုခြင်း နည်းလမ်းတွေနဲ့ တခြားသူတွေက ကိုယ့်အပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်တွေ ရှိလာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေကို ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ရေရှည်တည်တံ့တဲ့ ပရော်ဖက်ရှင်နယ် ပေါင်းသင်းဆက်ဆံရေး relationship တွေကို တည်ဆောက်ချင်တဲ့သူတွေ
• အလုပ်အသစ်တစ်ခုကို စတင်လုပ်ကိုင်နေတဲ့သူတွေ
• အလုပ်တစ်ခု ရရှိဖို့ လိုက်ရှာနေကြတဲ့ ဘွဲ့ရပြီးခါစ လူငယ်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။