The 2-Hour Job Search (2012) က အလုပ်အကိုင် ရှာဖွေနေကြသူတွေကို ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အလုပ်ရှာဖွေမှုတွေ ပြုလုပ်နိုင်ဖို့အတွက် လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စာရေးသူ Steve Daltonက ခေတ်သစ် နည်းပညာ အထောက်အကူတွေဖြစ်တဲ့ LinkedIn, Google နဲ့ Microsoft Excel တို့ကို အသုံးချပြီး သင့်ရဲ့ အလုပ်အကိုင် ရှာဖွေမှုတွေကို ချုံ့ပစ်နိုင်ဖို့၊ သင် ပစ်မှတ်ထားတဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်ခွင်အတွင်းက ထောက်ခံမှု (internal advocates) တွေကို ရရှိနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဘယ်လိုနယ်ပယ်မျိုးမှာမဆို အလုပ်ရှာဖွေနေကြတဲ့သူတွေ
- အလုပ်အကိုင်ရှာဖွေတဲ့ နည်းလမ်းအသစ်တွေအကြောင်း သိရှိချင်ကြတဲ့ အလုပ်ခေါ်ယူနေသူ Recruiters တွေ
- အောင်မြင်စွာ ကွန်ရက်ချိတ်ဆက်နိုင်မှုတွေ အကြောင်း စိတ်ဝင်စားကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။